Monday, September 26, 2016

ပဲခူးတွင် သမီးအရင်းကို အဓမ္မပြုကျင့်မှု ဖြစ်ပွား :O :O




ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သစ်မြို့နယ် ဒူအင်း ကျေးရွာတွင် ဖခင်က သမီးအရင်းကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။

သားမယားပြုကျင့်သူမှာ အသက် (၃၇)နှစ်အရွယ်ရှိ ဇော်ထက်ဖြစ်ကာ အသက်(၁၆)နှစ်အရွယ် သမီးကို ဇူလိုင် ၂ ရက် နံနက်တွင် ၎င်းနှင့်အတူ အိပ်ရန်ခေါ်ဆောင်ခဲ့ပြီးနောက် သားမယားပြုကျင့်နေသည်ကို မိခင်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့သစ်နယ်မြေရဲစခန်းမှ ရဲအုပ်စိုးမင်းအောင်က ပြောသည်။


‘‘ဇနီးဖြစ်သူကိုယ်တိုင် လာ ရောက်တိုင်ကြားခဲ့ပါတယ်။ သူ့ကို လည်း ဖမ်းမိထားပြီး ကျွန်တော် ကိုယ်တိုင်အမှုကို စစ်နေပါတယ်။ ဒီလိုကိစ္စမျိုးက ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပါတယ်။ လူ့အဖွဲ့အစည်းမှာလည်း ဒါမျိုးတွေ လက်ခံလို့မရပါဘူး။ တကယ်ကျူးလွန်ရင်တော့ ထိုက်သင့်တဲ့ အပြစ်ဒဏ်ရအောင် လုပ်ရမှာပါ’’ဟု ၎င်းက ပြောသည်။

ပြစ်မှုကျူးလွန်သူ ဖခင်ဖြစ်သူ ဇော်ထက်ကို ဇူလိုင် ၂ ရက် နေ့လယ်တွင် ဖမ်းဆီးရမိခဲ့ပြီး ယင်းမတိုင်မီ ၎င်းက သားမယားပြုကျင့် ခဲ့သည့် ဖြစ်စဉ်ကို တိုင်ကြားပါက သတ်ပစ်မည်ဟု မိသားစုအား ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဇနီးသည်က ထွက်ဆိုခဲ့ကြောင်း သိရ သည်။

‘‘ပဲခူးတိုင်းအတွင်းမှာ ဒီလို ဖြစ်တာ နှစ်ခါရှိသွားပြီ။ ဧပြီလ တုန်းကလည်း သမီးဖြစ်သူ ကိုယ် ဝန်ပျက်ကျမှ ဖခင်ဖြစ်သူက ပြု ကျင့်တာ သိခဲ့ရတယ်။ ဒီလိုလူမျိုး တွေ လောကမှာ မရှိသင့်သလို စိတ်ဓာတ်က တိရစ္ဆာန်အဆင့် လောက်ပဲ ပြောချင်ပါတယ်။ ဒီလို လူမျိုးတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်’’ဟု ပဲခူးမြို့ တွင်နေထိုင်သူ ကိုသန့်ဇင်ကပြောသည်။

ပြစ်မှုကျူးလွန်သူ မိသားစု တွင် အသက်(၁၆)နှစ်အရွယ် သမီးအပြင် (၁၃)နှစ်၊ (၃)နှစ်နှင့် ရှစ်လအရွယ် သမီးမိန်းကလေး လေးဦးမွေးဖွားထားပြီး သားမယားပြုကျင့်ခံရသူမှာ သမီးအကြီးဆုံးဖြစ် ကြောင်း မြို့သစ်နယ်မြေရဲစခန်းမှ ရဲအုပ်စိုးမင်းအောင်ကပြောသည်။

သမီးဖြစ်သူကို သားမယား အဖြစ် ပြုကျင့်သူ ဖခင်အရင်းဖြစ် သည့် ဇော်ထက်ကို ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးနေ ကြောင်း သိရသည်။

No comments: